လိုင်ယွန်အသင်းနည်းပြ ဖွန်ဆီကာဟာ ကွင်းလယ်ဒိုင်လူကြီးကို မျက်နှာချင်းဆိုင် ဒေါသပေါက်ကွဲခဲ့တဲ့အတွက် ကြီးမားပြင်းထန်တဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အေစီမီလန်အသင်း ကနေ ထုတ်ပယ်ခံရပြီးနောက် ဇန်နဝါရီလကုန်ပိုင်းမှာ လိုင်ယွန်အသင်းနည်းပြသစ်ဖြစ်လာခဲ့တဲ့ ဖွန်ဆီကာဟာ အသင်းကို အဆင့် ၆ နေရာမှာ ရပ်တည်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရက်စ် အသင်းကို အနိုင်ရတဲ့ပွဲရဲ့ ပွဲပြီးကာနီးမှာ ပေါ်တူဂီလူမျိုးနည်းပြ ဖွန်ဆီကာဟာ ကွင်းလယ်ဒိုင်ကို ဒေါသပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အနီကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ မျက်နှာတည့်တည့်ကိုကြည့်ပြီး အော်ဟစ် ပေါက် ကွဲခဲ့တဲ့ နည်းပြဖွန်ဆီကာကို လိုင်ယွန်အသင်းသားတွေကတောင် ပြန်ထိန်းခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။ အခုချိန်မှာ ဒီဖြစ်ရပ် ကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က စစ်ဆေးမှုတွေ ပြုလုပ်နေသလို ကွင်းလယ်ဒိုင် မီလော့ရဲ့ အစီရင်ခံစာကိုလည်း စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

နည်းပြဖွန်ဆီကာရဲ့ အပြုအမူက ကြမ်းတမ်းတဲ့ အပြုအမူ ဖြစ်တယ်လို့ သုံးသပ်နေကြပြီး ပြင်သစ်ဘောလုံးတာဝန်ရှိသူတွေအနေနဲ့ ဖွန်ဆီကာကို ပြင်းထန်တဲ့ အရေးယူမှု တွေ ပြုလုပ်ဖွယ် ရှိနေပါတယ်။ နည်းပြဖွန်ဆီကာဘက်က ပြန်လည်တောင်းပန်ခဲ့ပေမယ့် သတင်းတွေအရတော့ ၇ လ ပွဲပယ် ပြစ်ဒဏ်လောက်အထိ ချမှတ်ခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။