အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပီအက်စ်ဂျီအသင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ၂ နှစ်တာကာလက ပျော်စရာမကောင်းခဲ့ ပါဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။ မက်ဆီဟာ ၂၀၂၁ မှာ ဘာစီလိုနာအသင်းနဲ့ ၂၁ နှစ်ကြာလက်တွဲမှုကိုအဆုံးသတ်ပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းနဲ့အတူ ၂ နှစ်တာကာလအတွင်း ၇၆ ပွဲကစား ၃၂ ဂိုးသွင်းပြီး ၃၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပေမယ့် ပြင်သစ်မှာ ရှိနေခဲ့တဲ့ နေ့ရက်တိုင်းက ပျော်စရာမကောင်းခဲ့ဘူးလို့ မက်ဆီကပြောသွားခဲ့တာပါ။

၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ မက်ဆီနဲ့ ပြင်သစ်ပရိသတ်တွေအကြားဆက်ဆံမှု အဆင်မပြေဖြစ်လာခဲ့ပြီးနောက် မက်ဆီဟာ ပြင်သစ်ကလပ်ကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ဆက်လက်ပြီး မက်ဆီက ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရမှုက အင်တာမိုင်ယာမီအသင်းအတွက်အရေး ပါသလို အသင်း အောင်မြင်မှုရဖို့ ကူညီပေးသွားမှာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။