၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲမှာ အယ်ဘေးနီးယားအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် အင်္ဂလန် အသင်း အခုထက်ပိုကောင်းအောင် ကစားနိုင်သေးသလို ပိုကောင်းဖို့လည်း ကြိုးစားရမှာဖြစ်တယ်လို့ နည်းပြ တူချယ်က သတိပေးလိုက်ပါတယ်။

နည်းပြတူချယ်လက်ထက် ပထမဆုံးပွဲမှာ အင်္ဂလန်အသင်းဟာ လူငယ် နောက်ခံလူ စကယ်လီ၊ တိုက်စစ်မှူး ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်ဘေးနီးယားအသင်းကို အနိုင်ရခဲ့ တာဖြစ်ပါတယ်။ခံစစ်ကစားဖို့ ပြင်ဆင်လာခဲ့တဲ့ အယ်ဘေးနီးယားကြောင့် အင်္ဂလန်အသင်းပွဲကို စိုးမိုး ကစားနိုင် ခဲ့တာပါ။ ဂိုးပြတ်အနိုင်ရခဲ့တယ်ဆိုပေမယ့် အသင်းကစားပုံက လိုအပ်ချက်တွေ ရှိနေသလို အခုထက် ပိုကောင်း အောင် ကစားနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ရှိသေးတယ်ဆိုတာကို သိပါတယ်လို့ နည်းပြတူချယ်က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

အခုပွဲမှာ အင်္ဂလန်အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့တဲ့ နောက်ခံလူ ဒန်ဘန်းနဲ့ စကယ်လီတို့ရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်တယ်လို့လည်း တူချယ်က ဆက်ပြောသွားခဲ့ပါတယ်။အသက် ၁၈ နှစ်အရွယ် စကယ်လီဟာ အယ်ဘေးနီးယားနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် အင်္ဂလန်အသင်းအတွက် ပထမဆုံးကစားပေးတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။