တနင်္ဂနွေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီးအသင်းက လက်စတာကို အနိုင်ရကာ အဆင့် ၄ ကို ရောက်လာပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံလိဂ် ဝင်ခွင့်ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့ပါတယ်။

လက်စတာ နဲ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ ကွင်လယ်လူ ပယ်မာ ပင်နယ်တီလွဲခဲ့ပေမယ့် နောက်ခံလူ ကူကူရယ်လာက အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ၂၈ ပွဲကစားအပြီး ၄၉ မှတ်နဲ့ အဆင့် ၄ နေရာကို တက်လာနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အဆင့် ၃ နေရာက နော်တင်ဟမ်အသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာဖြစ်လို့ လာမယ့်ပွဲစဉ်တွေမှာ ရလဒ်တွေ ဆက်ကောင်းခဲ့မယ် ဆိုရင် အဆင့် ၃ နေရာကို မျှော်လင့်ခွင့်ရှိနေတာ ဖြစ်ပါတယ်။

စနေညမှာ နော်တင်ဟမ်အသင်းကို ရှုံးနိမ့်ထားခဲ့တဲ့ မန်စီးတီးအသင်းကတော့ ၄၇ မှတ်နဲ့ အဆင့် ၅ နေရာကို ဆင်းပေးလိုက် ရပါတယ်။ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုအရ အဆင့် ၁၀ နေရာက ဖူလ်ဟမ်အသင်းနဲ့ အဆင့် ၄ နေရာ က ချဲလ်ဆီးအသင်းတို့ကြား အမှတ်ကွာဟမှုက ၇ မှတ်သာရှိတာဖြစ်လို့ သင်္ချာနည်းအရ ဖူလ်ဟမ်အသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်ခွင့်ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။