ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် လက်ရွေးစင်အသင်းလေ့ကျင့်ရေးကွင်းက ထွက်ခွာသွားခဲ့တဲ့ အပြုအမူအပေါ် ပရိသတ်တွေက နားလည်ပေးနိုင်လိမ့်မယ်လို့ ဘယ်လ်ဂျီယံဂိုးသမား ကော်တွိုက်စ်က ပြောသွားခဲ့ပါတယ်။

ရီးရဲလ် ဂိုးသမား ကော်တွိုက်စ်ဟာ ၂၀၂၃ ဇွန်လမှာ ဘယ်လ်ဂျီယံနည်းပြ တီဒက်စ်ကိုနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အသင်းလေ့ကျင့်ရေးကနေ ထွက်သွားပြီးနောက် လက်ရွေးစင်အသင်းနဲ့ဝေးကွာနေခဲ့တာပါ။ ဒါပေမဲ့ ဘယ်လ်ဂျီယံအသင်းနည်းပြသစ်အဖြစ် ဂါစီယာကို ခန့်အပ်ခဲ့ပြီးနောက် အခုလထဲ ကစားမယ့် နိုင်ငံတကာ ပွဲတွေအတွက် ကော်တွိုက်စ်ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ နားလည်မှုလွဲမှားတာတွေ ရှိခဲ့သလို ဘယ်လ်ဂျီယံအသင်းကို ပြန်ရောက်လာချိန်မှာလည်း အသင်းဖော်တွေကို အကောင်းဆုံးရှင်းပြခဲ့လို့ လက်ခံခဲ့ကြပါတယ်လို့ ကော်တွိုက်စ်က ပြောပါတယ်။ သတင်းတွေမှာ ရေးသားဖော်ပြခဲ့ကြတဲ့ အသင်း ခေါင်းဆောင်ရာထူးမရလို့ လက်ရွေးစင်လေ့ကျင့်ရေးကနေ ထွက်ခွာသွားခဲ့တယ်ဆိုတာကိုလည်း ကော်တွိုက်စ်က ငြင်းဆိုထားခဲ့ပြီး နားလည်မှုလွဲတာတွေကို ဖြေရှင်းပြီးတဲ့အချိန်ကျရင် ပရိသတ်က သူ့ကိုနားလည်ပြီး လက်ခံပေးဖို့ မျှော်လင့်တယ်လို့ ကော်တွိုက်စ်က ပြောပါတယ်။