ချဲလ်ဆီး ကွင်းလယ်တိုက်စစ်ကစားသမား ပယ်မာ ဂိုးပေါက်ပျောက်နေမှုက စိတ်ပိုင်းနဲ့ ဆိုင်တဲ့ အရာလို နည်းပြ မာရက်စ်ကာက ပြောလိုက်ပါတယ်။ ပယ်မာဟာ ချဲလ်ဆီးအသင်းအတွက် ရာသီအစ ၂၃ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပေမယ့် နောက်ဆုံး ၁၆ ပွဲဆက်ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အချက်အလက်တွေအရ ပယ်မာဟာ ဂိုးပေါက်ပျောက်နေတဲ့ ကာလအတွင်း ဂိုးပေါက်ကန်သွင်းခွင့် ၄၁ ကြိမ်အထိရခဲ့ပြီး ဒါက တစ်ခြား ပရီးမီးယားလိဂ်ကစားသမားတွေထက် အခွင့်အရေးပိုရခဲ့တာဖြစ်တယ်လို သိရပါတယ်။ အခုလိုမျိုး ပယ်မာ ဂိုးပေါက်ပျောက်နေမှုက နည်းပြ မာရက်စ်ကာရဲ့နည်းဗျူဟာပိုင်းအပြောင်းအလဲနဲ့ သက်ဆိုင်တယ်ဆိုတဲ့ ဝေဖန် မှုတွေလည်းထွက်နေတာဖြစ်ပါတယ်။

ဒါက နည်းစနစ်ပိုင်းနဲ့မဆိုင်ဘဲ စိတ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်ပါတယ်လို မာရက်စ်ကာက ပြောသွားခဲ့ပြီး ချဲလ်ဆီးအသင်းက ရာသီအစနဲ့ ဘာမှပြောင်းလဲမှုမရှိပေမယ့် ပယ်မာရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် အခုလိုမျိုး ဂိုးပေါက်ပျောက်နေတာဖြစ်တယ်လို ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက အခုရာသီ ကွန်ဖရင့်စ်လိဂ်မှာ ဆီမီးဖိုင်နယ်ကို ရောက်နေသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၆နေရာမှာ ရပ်တည်နေတာဖြစ်လို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲခဲ့ရင်တောင် ကျရှုးတဲ့ရာသီတစ်ခုမဟုတ်ခဲ့ဘူးလိုလည်း မာရက်စ်ကာက ပြောသွားပါတယ်။