အင်္ဂလန်ကွင်းလယ်ကစားသမား ကိုးလ်ပယ်မာဟာ တောင်ပံကစားသမား မူဒရစ်ခ်ဝတ်ဆင်နေတဲ့ ကျောနံပါတ် ၁၀ ကို ပြောင်းလဲရယူသွားမှာဖြစ်တယ်လို ချဲလ်ဆီးအသင်းက ကြေညာပါတယ်။ ၂၀၂၃ မှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ ချဲလ်ဆီးကို ရောက်ရှိလာတဲ့ မူဒရစ်ခ်ဟာ တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့လို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ပွဲပယ်ပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။

ပယ်လ်မာကတော့ လက်ရှိမှာ ကျောနံပါတ် ၂၀ ကိုဝတ်ဆင်ကစားနေသူဖြစ်ပြီး အချိန်တိုအတွင်း အသင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်း ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ပယ်မာဟာ မူဒရစ်ခ်ထက် ၆ လ နောက်ကျပြီးမှ ချဲလ်ဆီးကို ရောက်လာခဲ့ပေမယ့် အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၃၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။ မူဒရစ်ခ်ကတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပေမယ့် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးသာ သွင်းယူပေးထား နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ချဲလ်ဆီးအသင်းဟာ ဟာဇက်ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ၁၀ ကို အသင်း အတွက်ခြေစွမ်းပြ နေတဲ့ ပယ်လ်မာကို ပြောင်းလဲဝတ်ဆင်စေဖို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပယ်လ်မာဟာ ဇွန်လ ၁၆ ရက်နေ့မှာ ကစားမယ့် လော့စ်အန်ဂျလိစ် အက်ဖ်စီ အသင်းနဲ့ ကလပ်ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ ကျောနံပါတ် ၁၀ ကိုစတင်ဝတ်ဆင်သွားရတော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ မူဒရစ်ခ်ရဲ့ ကျောနံပါတ်ကို ပယ်လ်မာ ဆီလွှပြောင်းပေးအပ်ခဲ့ပေမယ့် အသက် ၂၄ နှစ်အရွယ် မူဒရစ်ခ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို တစ်စုံတစ်ရာပြော တာမျိုးတော့ မရှိဘူးလို သိရပါတယ်။