အာဆင်နယ်အသင်းဟာ ဘရာဇီးနောက်ခံလူ ဂါဘရီရယ် မာဂယ်ဟတ်စ်ကို ၂၀၂၉ အထိ သက်တမ်းရှိတဲ့ ၄ နှစ် စာချုပ်သစ်ကို ချုပ်ဆိုလိုက်တယ်လို သတင်းထုတ်ပြန်ပါတယ်။

အသက် ၂၇ နှစ်အရွယ် မာဂယ်ဟတ်စ်နဲ့ အာဆင်နယ်အသင်းတို စာချုပ်က ၂၀၂၇ အထိသက်တမ်းရှိသေးပေမယ့် အသင်းခံစစ်မှာ ခြေစွမ်းပြနေတာကြောင့် အခုလိုမျိုး စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ အသင်းနဲ့အတူ လက်တွဲခဲ့တာ ၅ နှစ်ရှိပြီဖြစ်သလို အသင်းမှာ လေ့လာသင်ယူမှုတွေပြုလုပ်ပြီး အခုထက်ပိုကောင်းအောင် ကြိုးစားသွားမှာဖြစ်ပါတယ်လို စာချုပ်သစ် ချုပ်ဆိုအပြီးမှာ ဂါဘရီရယ်က ပြောသွားခဲ့ပါတယ်။ ဂါဘရီရယ်ဟာ ၂၀၂၀ မှာ ပြင်သစ်ကလပ် လိုင်လီအသင်း ကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ အာဆင်နယ်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၁၀ အထိ ကစားပေးထားခဲ့တာဖြစ်ပါတယ်။ အသင်းခံစစ်မှာ ဂါဘရီရယ်ဟာ ပြင်သစ်နောက်ခံလူ ဆာလီဘာနဲ့ တွဲပြီး မာကျောတဲ့ ခံစစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂါဘရီရယ်ဟာ ၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ နောက်ဆုံး ၂ လ ကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး ဂါဘရီရယ်မပါနိုင်ချိန်မှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံပြေးပွဲမှာ အမှတ်တွေလျော့ကျခဲ့ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီ အသင်းကို ရှုးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။