ယူရိုပါလိဂ် ဆုဖလားရယူပေးပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့ နည်းပြ အန်ဂျီကို ထုတ်ပယ် လိုက်တယ်လို စပါးအသင်းကြေညာလိုက်ပါတယ်။စပါးအသင်းဟာယူရိုပါလိဂ် ရခဲ့ပေမယ့်
ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးခဲ့လို စပါးအသင်းဘက်က အခုလိုမျိုးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ၂၂ ပွဲအထိ ရှုးနိမ့်ခဲ့ပြီး အဆင့် ၁၇ နေရာမှာသာရပ်တည် နိုင်ခဲ့တာဖြစ်ပါတယ်။အချက်အလက်တွေအရလည်း ၂၀၀၈ နောက်ပိုင်း စပါးနည်းပြတွေထဲမှာ နည်းပြ အန်ဂျီက ပရီးမီးယားလိဂ်နိုင်ပွဲ ရာခိုင်နှုန်း အနည်းဆုံးနည်းပြဖြစ်နေခဲ့တာပါ။ စပါးအသင်းဥက္ကဌ လီဗိုင်းဟာ အသင်းရဲ့ဆုံးဖြတ်ချက်ကို အခုတစ်ပတ် အစောပိုင်းမှာပဲ နည်းပြ အန်ဂျီကို အသိပေးထားပြီးဖြစ်တယ်လို သိရပါတယ်။ နည်းပြ အန်ဂျီကတော့ စပါးနည်းပြ အဖြစ် ဆက်ရှိနေဖိုကို မျှော်လင့်ထားပုံရပြီး ဒုတိယရာသီထက် တတိယရာသီက ပိုကောင်းလာဦးမယ်လို ပြောထားခဲ့ဖူးတာ ဖြစ်ပါတယ်။

အသင်းရဲ့ တစ်ရာသီလုံးစွမ်းဆောင်ရည်ကို လေ့လာသုံးသပ်အပြီးမှာ အခုလိုမျိုး ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်လို
စပါးအသင်းကြေညာချက်မှာ ရေးသားထားပါတယ်။ နည်းပြအန်ဂျီကို ထုတ်ပယ်လိုက်ပြီးနောက် စပါးအသင်း နည်းပြသစ်ဖြစ်လာဖို ဘရန့်ဖိုဒ်အသင်း နည်းပြ သောမတ်စ်ဖရန့်ခ်က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ဒါ့အပြင် ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားနဲ့ ဘုန်းမောက် နည်းပြ အိုင်ရာအိုလာတိုလည်း စပါးနည်းပြဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။