အခုရာသီမှာ ဆုဖလား ၃ လုံးရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ နည်းပြ ဖလစ်ခ်ကို ၂၀၂၇ အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပါတယ်။ အသက် ၆၀ အရွယ် ဖလစ်ခ်ဟာ ဘာစီလိုနာအသင်းကို ပထမဆုံး တာဝန်ယူတဲ့ ဘောလုံးရာသီမှာပဲ လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါ တယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ အခုရာသီမှာ ၂၀၁၉ နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီလက်ရွေးစင်နည်းပြဟောင်း ဖလစ်ခ်ကို ဘာစီလိုနာအသင်းက ၂၀၂၆ ဇွန်လအထိသာ စာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်ပြီး ဖလစ်ခ်လက်ထက်မှာ အသင်းအနေအထားက တိုးတက်မှုတွေ ရှိလာခဲ့တာကြောင့် အခုလိုမျိုး စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

နည်းပြဖလစ်ခ်ကိုယ်တိုင်ကလည်း ကာလရှည်စာချုပ် ချုပ်ဆိုတာထက် အသင်းတိုးတက်မှုကိုကြည့်ပြီး စာချုပ်သစ် ချုပ်ဆိုသွားဖို့ကိုသာ လိုလားတာကြောင့် အခုလိုမျိုး ၂၀၂၇ ဇွန်လအထိသာ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်တယ် လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အသင်းအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေက စတင်နေပြီဖြစ်ပြီး တစ်နှစ်ပြီးတစ်နှစ် ဆက်သွားတာ ကောင်းပါတယ်လို့ ပြီးခဲ့တဲ့ ဧပြီလတုန်းက နည်းပြဖလစ်ခ်က ပြောကြားထား ခဲ့ဖူးပါတယ်။