ဆော်ဒီကလပ် အယ်ဟီလယ်အသင်းဟာ နည်းပြဂျော့ခ်ျဂျီးဆပ်နဲ့ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်တယ်လို သိရပါတယ်။အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ အယ်ဟီလယ်အသင်း ထွက်လိုက်ရပြီးရက်ပိုင်းအကြာမှာပဲ နည်းပြဂျီးဆပ်နဲ့ လမ်းခွဲဖိုကို ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

အခုရာသီ ဆော်ဒီပရိုလိဂ် ပြီးဆုံးဖို ၅ ပွဲသာကျန်တော့ချိန်မှာ အယ်ဟီလယ်အသင်းကအခုလိုနည်းပြအပြောင်းအလဲပြုလုပ်ဖိုကို ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။အယ်ဟီလယ်အသင်းဟာ ဆော်ဒီပရိုလိဂ်မှာ ဇယားထိပ်ဆုံးက အယ်အီတီဟတ်အသင်းနဲ့ ၆ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး လာမယ့်နွေမှာလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ပြိုင်ရဖိုရှိနေတာပါ။

တစ်ဖက်မှာလည်း ဝါရင့်နည်းပြ ဂျီးဆပ်က နည်းပြလစ်လပ်နေတဲ့ ဘရာဇီးနည်းပြသစ်ဖြစ်လာနိုင်တဲ့စာရင်းမှာပါဝင်နေတာ ဖြစ်ပါတယ်။အယ်ဟီလယ်အသင်းကို ရာသီကုန်အထိ မိုဟာမက် အယ်ရှယ်ဟော့ဘ်က နည်းပြအဖြစ်တာဝန်ယူသွားမှာဖြစ်တယ်လို အယ်ဟီလယ်အသင်းကြေညာချက်မှာ ရေးသားထားပါတယ်။