ပေါ်တူဂီလူမျိုးနည်းပြ အမ်မိုရင်ဟာ မန်ယူအသင်းမှာ ကာလရှည်ဆက်ရှိနေမှာဖြစ်တယ်လို့ အသင်းရဲ့ရှယ်ယာရှင် ရက်ကလစ်ဖ်က ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ မန်ယူနည်းပြဖြစ်လာခဲ့တဲ့ အမ်မိုရင်လက်ထက်မှာ မန်ယူအသင်း ၂၆ ပွဲကစားရာမှာ ၁၁ ပွဲသာအနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် နည်းပြအမ်မိုရင်အပေါ်ဖိအားတွေ ကျရောက်လာခဲ့သလို အနာဂတ်လည်းလှုပ်ခတ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ရှယ်ယာရှင် ရက်ကလစ်ဖ်ကတော့ အမ်မိုရင်က အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေသလို ထူးချွန်တဲ့ လူငယ်နည်းပြတစ်ဦးဖြစ်တဲ့အတွက် အသင်းမှာ ကာလရှည်ဆက်ရှိနေမှာဖြစ်ပါတယ်လို့ ရက်ကလစ်ဖ်က ထောက်ခံသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ နေရာကို ရောက်နေပြီး အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အနိမ့်ဆုံရပ်တည်မှုကို ရောက်ရှိနေတာဖြစ်ပါတယ်။

လက်ရှိမန်ယူအသင်းမှာရှိတဲ့ ကစားသမားတချို့က အသင်းအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်နဲ့ ပေးဆပ်မှုမရှိသလို ကစားသမား အချို့ကိုလည်း လိုအပ်တာထက် လစာပိုပေးရမှုတွေရှိနေတယ်လို့လည်း ရက်ကလစ်ဖ်က ပြောသွားခဲ့ပါတယ်။ ဒီအခြေအနေတွေကို နည်းပြအမ်မိုရင်ဖြေရှင်းနိုင်ဖို့အတွက် အချိန်ပေးရမှာဖြစ်တယ်လို့လည်း ရက်ကလစ်ဖ်က သုံးသပ်သွားခဲ့ပါတယ်။