ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ရိုးမားအသင်း ချိတ်ဆက်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ရိုးမားအသင်းရဲ့ လက်ရှိနည်းပြ ရေနီယာရီဟာ အခုရာသီကုန်အထိပဲ အသင်း ကို တာဝန်ယူမှာဖြစ်ပြီး လာမယ့်ရာသီသစ်အတွက် နည်းပြသစ် ခန့်အပ်နိုင်ဖို့ ရိုးမားအသင်း ကြိုးစားမှုက လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

နည်းပြများစွာကို ရိုးမားအသင်း ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပြီးနောက် အခုအခါမှာတော့ ဖာဘရီဂတ်စ်နဲ့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ကိုမိုကစားသမားဟောင်း ဖာဘရီ ဂတ်စ်ဟာ ကိုမိုအသင်းနည်းပြဖြစ်လာခဲ့ပြီးနောက် အသင်းကို စီးရီးဘီကနေ တန်းတက်ခွင့်ရအောင် ကြိုးစား ပေးနိုင်ခဲ့သလို အခုရာသီ စီးရီးအေမှာလည်း ကိုမိုအသင်းကို စီးရီးအေ အလယ်အလတ်အသင်း ဖြစ်လာအောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းများစွာ ရှိနေပေမယ့် ကိုမိုအသင်းကတော့ ဖာဘရီဂတ်စ် ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လက စီးရီးအေပွဲအဖြစ် ကိုမိုအသင်းနဲ့ ရိုးမားအသင်းတို့ ဆုံတွေ့ချိန်မှာ နည်းပြ ရေနီယာရီကို ဖာဘရီဂတ်စ်က လေးစားမှုအပြည့်နဲ့ ဆက်ဆံခဲ့သလို နည်းပြ ရေနီယာရီကလည်း ဖာဘရီဂတ်စ်က သူ့ထက်ပိုကောင်းတဲ့ နည်းပြ ဖြစ်လာဖို့ မျှော်လင့် ကြောင်း ပြောကြားခဲ့ဖူးပါတယ်။