ဘရာဇီးလက်ရွေးစင်အသင်းဟာ ဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူးနေမာရဲ့နေရာမှာ ရီးရဲလ်တိုက်စစ်မှူး အန်းဒရစ်ကို အစားထိုးခေါ်ယူလိုက်ပါတယ်။ လက်ရွေးစင်အသင်းနဲ့ ၁၇ လကြာဝေးကွာခဲ့ပြီးနောက် ပြန်လည်ရွေးချယ်ခံရတဲ့ နေမာဟာ ကြွက်သားဒဏ်ရာရရှိခဲ့ပြီးနောက် လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ “ လက်ရွေးစင်အသင်းဆီကို ပြန်ရောက်လာဖို နီးစပ်ခဲ့ပြီးမှ ကံမကောင်းစွာနဲ့ပဲ ဂုဏ်အယူရဆုံး အင်္ကျီကို ဝတ်ဆင်ဖို အခုလောလောဆယ် မဖြစ်နိုင်တော့ပါဘူး”လို အသက် ၃၃ နှစ်အရွယ်နေမာက သူ့အင်စတာဂရမ်မှာ ရေးသား ထားပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၁၂၈ ပွဲကစားပေးထားတဲ့နေမာဟာ ၁၄၂ ပွဲကစားပေးထားတဲ့ နောက်ခံလူဟောင်း ကာဖူးပြီးရင် ဒုတိယပွဲအများဆုံးကစားပေးထားသူဖြစ်သလို လက်ရွေးစင်သွင်းဂိုး ၇၉ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူလည်းဖြစ်ပါတယ်။အသက် ၁၈ နှစ်သာရှိသေးတဲ့ အန်းဒရစ်ကတော့ အခုရာသီ ရီးရဲလ် အတွက်ပြိုင်ပွဲစုံ ၂၈ ပွဲကစားခွင့်ရထားပြီး ၆ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ အန်းဒရစ်ဟာ ဘရာဇီး လက်ရွေးစင်အသင်းအတွက် ၁၃ ပွဲကစားပေးထားပြီး ၃ ဂိုးသွင်းယူပေးထားပါတယ်။