အာဆင်နယ်အသင်းဟာ တောင်ပံတိုက်စစ်မှူး ထရော့ဆက်ကို စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး မကြာခင်မှာ သဘောတူညီမှုရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် ထရော့ဆက်ရဲ့ စာချုပ်က ၂၀၂၇ အထိ ရှိသေးပေမယ့် ဆော်ဒီပရိုလိဂ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံလာရလို့ အာဆင်နယ်အသင်းဘက်က စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးမှုကို ဇန်နဝါရီထဲက စတင်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ အခုရက်သတ္တပတ်အတွင်းမှာတော့ ဆွေးနွေးမှုတွေက အဆင်ပြေလာခဲ့ပြီး သဘောတူညီမှု ရလုနီး အထိဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းအားကစားဒါရိုက်တာအသစ် ဘာတာကိုယ်တိုင် ဦးဆောင်ပြီး ထရော့ဆက်ရဲ့ စာချုပ်သစ်ကိစ္စအတွက် ကြိုးစားနေသလို ထရော့ဆက်နဲ့ နီးစပ်တဲ့သူတွေရဲ့ ပြောကြားချက်အရ ကစားသမားကလည်း အမ်းမရိတ်စ်မှာ ဆက်ရှိနေဖို့ကို ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

၂၀၂၃ မှာ ဘရိုက်တန် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ထရော့ဆက်ဟာ နည်းပြ အာတီတာ အားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂၃ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ နည်းပြ အာတီတာကလည်း ထရော့ဆက်က အသင်းအတွက်အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ အခုရာသီအတွင်းမှာ ပြောကြားထားခဲ့ဖူးပါတယ်။