အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ပစ်မှတ်ထားနေပြီး အသင်းရဲ့ အခုလို လုပ်ဆောင်နေမှုအပေါ် ကြိုဆိုတယ်လို့ တောင်ပံတိုက်စစ်မှူး မာတင်နယ်လီက ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာ ရပ်တည်နေပေမယ့် ချန်ပီယံဖြစ်သွားခဲ့တဲ့ လီဗာပူးအသင်းထက် သွင်းဂိုး ၁၇ ဂိုးအထိ လျော့နည်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လာမယ့်နွေရာသီမှာ တိုက်စစ်ကို အားဖြည့်ဖို့အတွက် နာမည်ကြီးတိုက်စစ်မှူးတွေကို အာဆင်နယ်အသင်း ချိတ်ဆက်နေတာပါ။ တိုက်စစ်မှာ ကစားသမားကောင်းတွေ ထပ်ရောက်လာခဲ့ရင် နေရာရဖို့အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာမှာ ဖြစ်သလို ကစားသမားတွေရဲ့ ခြေစွမ်းကိုလည်း ပိုကောင်းစေမှာဖြစ်တယ်လို့ မာတင်နယ်လီက ပြောသွားခဲ့ ပါတယ်။

အသက် ၂၃ နှစ်အရွယ် မာတင်နယ်လီဟာ ၂၀၁၉ မှာ ဘရာဇီးကလပ် အီတူယာနိုအသင်းကနေ အာဆင်နယ်ကို ပေါင် ၇ သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးတာဖြစ်ပါတယ်။ အသင်းမှာပျော်ရွှင်နေတာကြောင့် ဆက်ရှိနေဖို့အတွက်ပဲ ဆန္ဒရှိသလို အသင်းပြောင်းဖို့လည်း အစီအစဉ်မရှိဘူးလို့ မာတင်နယ်လီက ပြောသွားခဲ့ပါတယ်။