နော်တင်ဟမ်အသင်းကို ၄ ဂိုး-၃ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅၀ ပြည့်တဲ့ ကစားသမားစာရင်းထဲ ပါဝင်သွားခဲ့ပါတယ်။ အခုရာသီ နယူးကာဆယ် အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၉ ဂိုးသွင်းယူးပေးထားတဲ့ အီဆက်ခ်ဟာ ပရီးမီးယားလိဂ် ၇၆ ပွဲမှာပဲ သွင်းဂိုး ၅၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

အီဆက်ခ်ရဲ့ စွမ်းဆောင်မှုတွေက အံ့ဩစရာကောင်းပြီး သူက ပရီးမီးယားလိဂ် မှာတင် မဟုတ်ဘဲ ဘယ်လိဂ်မှာမဆို ထိပ်တန်းတိုက်စစ်မှူးဖြစ်နိုင်ပါတယ်လို့ အင်္ဂလန်ဂိုးသမားဟောင်း ဂျိုးဟတ် က သုံးသပ်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ သွင်းဂိုး ၅၀ အမြန်ဆုံးရခဲ့တဲ့ ကစားသမားအဖြစ် မန်စီးတီး တိုက်စစ်မှူး ဟာလန်းက ရပ်တည်နေတာဖြစ်ပြီး မန်စီးတီးအသင်းနဲ့အတူ ၄၈ ပွဲကစားပြီးနောက် သွင်းဂိုး ၅၀ ပြည့် ခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ် အီဆက်ခ်ကတော့ အခုရာသီမှာ အကောင်းဆုံးခြေစွမ်းနဲ့အတူ နယူးကာဆယ် တိုက်စစ်ကို ဦးဆောင်နေတာဖြစ်ပြီး ဒီရာသီ သူ့ရဲ့ပုံစံကောင်းတွေကြောင့် အာဆင်နယ်၊ လီဗာပူးတို့ရဲ့ စောင့်ကြည့် တာကိုလည်း ခံနေရတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့ ၂၀၂၈ အထိ စာချုပ်ရှိတဲ့ သူတို့ရဲ့ တိုက်စစ် မှူးကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့် သတင်းတွေအရ အီဆက်ခ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ သတ်မှတ် ထားတယ်လို့ သိရပါတယ်။