အဆုတ်ရောင် ရောဂါကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရတဲ့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းဟာ ကျန်းမာလာပြီဖြစ်လို့ အသင်းကို ပြန်လည်တာဝန်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် အက်ဒီဟောင်းဟာ အခုလအစောပိုင်းမှာ နေထိုင်မကောင်းဖြစ်ခဲ့ပြီးနောက် ဆေးရုံတင်ပို့ကာ ဆေးစစ်တာတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အက်ဒီဟောင်း အသင်းကို တာဝန်မယူနိုင်ချိန်မှာ လက်ထောက်နည်းပြတွေဖြစ်တဲ့ တင်းဒဲလ်နဲ့ ဂျုံးစ်တို့က အသင်းကို ပူးတွဲတာဝန်ယူနေခဲ့တာပါ။ အခုချိန်မှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့ အက်ဒီဟောင်းဟာ အသင်းလေ့ကျင့်ရေးကွင်းမှာ အသင်းရဲ့လေ့ကျင့်မှု တွေကို ပြန်လည်တာဝန်ယူနေပြီဖြစ်တယ်လို့ နယူးကာဆယ်အသင်းက အတည်ပြုခဲ့ပါတယ်။

နယူးကာဆယ် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အခုတစ်ပတ် စနေနေ့မှာ အစ်ဆွစ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် အက်ဒီဟောင်း အသင်းကို မကိုင်တွယ်နိုင်ချိန် ကစားခဲ့တဲ့ ၃ ပွဲမှာ နယူးကာဆယ်အသင်းဟာ မန်ယူနဲ့ ပဲလေ့စ်တို့ကို အနိုင်ရခဲ့ပေမဲ့ ဗီလာအသင်းကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။