လီဗာပူးအသင်းနဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်ရှ်တို ၂ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာကြောင့် ဆာလက်ရှ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို ခန့်မှန်းပြောဆိုမှုတွေ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ စာချုပ်သစ် ကြောင့် အသက် ၃၂ နှစ်အရွယ် ဆာလက်ရှ်ဟာ လီဗာပူးအသင်းမှာ ၂၀၂၇ နွေရာသီအထိ ဆက်ရှိနေတော့မှာ လည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ထဲက ရိုးမားအသင်းကနေ ရောက်လာခဲ့တဲ့ ဆာလက်ရှ်ဟာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံ ၃၉၃ ပွဲမှာ ၂၄၃ ဂိုးသွင်းယူပြီး ၁၀၉ ဂိုး ဖန်တီးပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ အခုချိန်မှာ အရမ်းပဲ စိတ်လှုပ်ရှားနေသလို ၈ နှစ်ကြာ လက်တွဲလာခဲ့တဲ့ အသင်းနဲ့အတူ နောက်ထပ် ၂ နှစ် ဆက်နေခွင့်ရတော့မှာ ဖြစ်တာကြောင့် ပျော်ရွှင်ရပါတယ်လို စာချုပ်သစ် ချုပ်ဆိုအပြီးမှာ ဆာလက်ရှ်က ပြောသွားခဲ့ပါတယ်။

ဆာလက်ရှ်ဟာ အခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၇ ဂိုးအပါအဝင် ပြိုင်ပွဲစုံသွင်းဂိုး ၃၂ ဂိုးအထိ သွင်းယူပေး ထားသလို ရာသီအကုန်မှာ လီဗာပူးအသင်းအတွက် အကြိမ် ၂၀ မြောက် အဆင့်မြင့်တန်း အမှတ်ပေးချန်ပီယံဆု အဖြစ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို ကြိုးစားပေးသွားရတော့မှာ ဖြစ်ပါတယ်။ စာချုပ်သစ်အရ ဆာလက်ရှ် ဟာ လက်ရှိရရှိနေတဲ့ တစ်ပါတ်လုပ်ခ ပေါင် ၃ သိန်းခွဲထက် ပိုရဖွယ်ရှိနေပြီး အသင်းသမိုင်းမှာ လုပ်ခလစာ အများဆုံး ကစားသမားလည်း ဖြစ်ဖွယ်ရှိနေပါတယ်။