ပရီးမီးယားလိဂ် အဆင့်ကို တန်းတက်ဖို ယှဉ်ပြိုင်ရတဲ့ အင်္ဂလန် ချန်ပီယံရှစ် ပြိုင်ပွဲ play-off ပွဲစဉ်တွေရဲ့ ဗိုလ်လုပွဲကို စနေနေ့က ကျင်းပခဲ့ရာမှာ ဆန်းဒါးလန်း အသင်းက ရှက်ဖီးယူနိုက်တက် အသင်းကို နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီး ၂-၁ ဂိုး ရလဒ်နဲ့ အနိုင်ရသွားခဲ့တယ်လို CNN သတင်းမှာ ဖော်ပြပါတယ်။

ဒီပွဲရဲ့ ပွဲချိန်တော်တော်များများမှာ ရှက်ဖီးယူနိက်တက်အသင်းက ၁-၀ နဲ့ ဦးဆောင်နေခဲ့ပြီး ဆန်းဒါးလန်းအသင်းက နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် ၇၆ မိနစ်မှာမှ ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ ဆန်းဒါးလန်းရဲ့ အသက် ၁၉ နှစ်အရွယ် တွမ် ဝပ်ဆန် Tom Watson က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ဆန်းဒါးလန်းအသင်းဟာ ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ်အဆင့်ကို ပြန်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆန်းဒါးလန်း ပရိသတ်တွေဟာ ပျော်ရွင်မြူးတူးပြီး ဝင်ဘာလေကွင်းထဲ ပြေးဝင်လာတဲ့ အထိ အောင်ပွဲ ခံခဲ့ကြတယ်လို ဆိုပါတယ်။

၂၀၁၇ နှစ် နောက်ပိုင်းမှာ ဆန်းဒါးလန်းအသင်းဟာ ချန်ပီယံရှစ်ရဲ့ အောက်တန်းဖြစ်တဲ့ League One အဆင့်မှာ ဘောလုံးရာသီ ၄ ရာသီ ရုန်းကန်နေခဲ့ရတာကနေ ၂၀၂၂ ခုနစ်ရောက်မှ ချန်ပီယံရှစ်အဆင့်ကို ပြန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်အဆင့်ကို ပြန်တက်ရောက်နိုင်ခဲ့ပြီး လာမယ့် ဘောလုံးရာသီမှာ လိဒ်စ်၊ ဘန်လေ တိုနဲ့အတူ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။