ပျော်ရွှင်ခြင်းကို ပြန်လည်ရှာတွေ့ဖို့အတွက် ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းက အကူအညီအများကြီး ဖြစ်စေ ခဲ့တယ်လို့ ဘရာဇီးတိုက်စစ်မှူး နေမာက ပြောကြားသွားခဲ့ပါတယ်။ နေမာဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အဂွါ ဆန်တာ အသင်းနဲ့ပွဲမှာ ဆန်းတို့စ်အသင်းအတွက် ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် ၁၆ လကြာ ဂိုးပေါက် ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဘောလုံးပြန်ကစားခွင့်ရတဲ့အတွက် စိတ်ကျေနပ် ပျော်ရွှင်မိသလို တိုးတက်လာတယ်လို့လည်း ခံစားလာရတယ်လို့ အသက် ၃၃ နှစ်အရွယ် နေမာက ပြောသွားခဲ့ တာပါ။ နေမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ်အသင်းနဲ့ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ပြီးနောက် ငယ် ဘဝကလပ် ဆန်းတို့စ် အသင်းဆီကို ကာလတိုစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဆန်းတို့စ် အသင်းအတွက် စပြီးကစား ပေးချိန်မှာ ရာနှုန်းပြည့်ကြံ့ခိုင်မှု မရခဲ့ပေမယ့် အခု ၄ ပွဲမြောက် ကစားပေးပြီးချိန် မှာတော့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာသလို ခံစားမိတယ်လို့လည်း နေမာက ပြောသွားခဲ့ပါတယ်။

၂၀၂၃ ဩဂုတ်လမှာ အယ်ဟီလယ်အသင်းကို ပေါင် ၇၇ ဒသမ ၆ သန်းနဲ့ရောက်ရှိလာပြီးနောက်ပိုင်း အသင်းနဲ့ လမ်းခွဲတဲ့ အချိန်အထိ ၇ ပွဲသာ ကစားပေးနိုင်ခဲ့တဲ့နေမာဟာ ဆန်းတို့စ်အသင်းကို ရောက်လာပြီးနောက်မှာတော့ ပွဲတိုင်းကို ပါဝင်ကစားပေးနိုင်နေတာဖြစ်ပါတယ်။ နေမာနဲ့ ဆန်းတို့စ်အသင်းတို့ရဲ့ စာချုပ်က ၂၀၂၅ ဇွန် ၃၀ ရက် အထိသာ သက်တမ်းရှိတာ ဖြစ်ပါတယ်။