လူငယ်ကစားသမားတွေအနေနဲ့ ရီးရဲလ်အသင်းမှာ ကစားခွင့်ရဖို့ကို စိတ်ရှည်ရှည်ထားရမယ်လို့ လူငယ် ကွင်းလယ်လူ အာဒါ ဂူလာကို နည်းပြအန်ဆလော့တီက ပြောကြားလိုက်ပါတယ်။ ဥရောပရဲ့ လူငယ်ကြယ်ပွင့် တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂူလာဟာ ရီးရဲလ်အသင်းရဲ့နောက်ဆုံး ၅ ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့တာ ဖြစ်ပါ တယ်။

ဂူလာဟာ အခုရာသီပြိုင်ပွဲစုံမှာ ရီးရဲလ်အတွက် ၂၈ ပွဲ ကစားပေးထားသလို ကစားခွင့်ရချိန်အနေနဲ့ မိနစ်ပေါင်း ၉၆၇ မိနစ် ကစားခွင့် ရထားပါတယ်။ ဂူလာရဲ့ ပွဲကစားခွင့် နည်းတဲ့အပေါ် အကြောင်းအရာတစ်ခုလို ပြောဆိုနေကြတာကို ကြားနေရပြီး ဂူလာအနေနဲ့ မေးစရာရှိတယ်ဆိုရင် ကျွန်တော့်အခန်းတံခါးကို အမြဲဖွင့်ထား ပါတယ်လို့ အန်ဆလော့တီက ပြောသွားခဲ့ပါတယ်။

ရိုဒရီဂို၊ ဗီနီစီးယက်စ်နဲ့ ဗယ်လ်ဗာဒီတို့လို ကစားသမားတွေ လည်း စိတ်ရှည်ရှည်ထားပြီး ဒီအဆင့်ကို ဖြတ်သန်းခဲ့ကြရတာ ဖြစ်ပါတယ်လို့ အန်ဆလော့တီက ပြောသွား ခဲ့ပါတယ်။ ကစားခွင့်မရလို့ မပျော်မရွှင်ဖြစ်နေတဲ့ ဂူလာရဲ့အခြေအနေကို နားလည်သလို ဂူလာအနေနဲ့လည်း လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလေ့ကျင့်ပြီး အသင်းအတွက် ကစားခွင့်ရချိန်တိုင်း သေချာကစားပေးဖို့ကို အာရုံစိုက်ထားသင့်တယ်လို့လည်း အန်ဆလော့တီက တိုက်တွန်းသွားခဲ့ပါတယ်။