အီတလီတိုက်စစ်မှူး မွိုက်စ်ကိန်းရဲ့ စာချုပ်ဖျက်ကြေး ပမာဏ ထွက်ပေါ်လာခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ ဥရောပထိပ်တန်းအသင်းတွေ ကိန်းကို စိတ်ဝင်စားမှု ပိုလာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လကမှ အသက် ၂၅ နှစ်ပြည့်ခဲ့တဲ့ မွိုက်စ်ကိန်းဟာ အခုရာသီ ဖီအိုရင်တီးနားအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေတာဖြစ်ပါ တယ်။ ဖီအိုရင်တီးနားအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက မွိုက်စ်ကိန်းကို ဂျူဗင်တပ်အသင်းကနေ ယူရို ၁၃ သန်းနဲ့ ဆုကြေး ယူရို ၅ သန်းအပါအဝင် စုစုပေါင်း ယူရို ၁၈ သန်းနဲ့ ခေါ်ယူထားခဲ့တာပါ။ မွိုက်စ်ကိန်းဟာ အခုရာသီမှာ ဖီအိုရင်တီးနားအသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲမှာ သွင်းဂိုး ၂၀ သွင်းပေးထားပြီး ၃ ဂိုးဖန်တီးပေးထားခဲ့တာ ဖြစ်ပါ တယ်။

အခုလို ခြေစွမ်းပြမှုတွေကြောင့် မွိုက်စ်ကိန်းကို အသင်းကြီးတွေက စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး မွိုက်စ် ကိန်းဟာ ဖီအိုရင်တီးနားအသင်းအတွက် အမြတ်အစွန်းရနိုင်မယ့် ရင်းနှီးမြှပ်နှံမှု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖီအိုရင်တီးနားအသင်းနဲ့ မွိုက်စ်ကိန်းတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်ကြေးကို ယူရို ၅၂ သန်းသာ သတ်မှတ်ထားတာဖြစ်လို့ အာဆင်နယ်အသင်းအပြင် အခြားပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်အသင်းတို့ပါ စိတ်ဝင်စားလာဖွယ်ရှိနေတယ်လို့ သိရပါတယ်။