စပါးအသင်းရဲ့နောက်ခံလူ ဒရာဂူဆင်ဟာ ညာဘက်ဒူးအရွတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဒရာဂူဆင်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ အက်ဖ်ဘော့ အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ခွဲစိတ်မှုခံယူခဲ့ရတာပါ။

အရွတ်ဒဏ်ရာရသူတွေဟာ အများအားဖြင့် ၁ နှစ်လောက်အထိ အနားယူရပေမဲ့ စပါးအသင်းကတော့ ဒရာဂူဆင်အနေနဲ့ ၆ လလောက်သာ အနားယူရဖို့ မျှော်လင့်နေပါတယ်။ အသင်းဆေးအဖွဲ့ရဲ့ အနီးကပ်စောင့်ကြည့်မှုတွေနဲ့အတူ ဒရာဂူဆင် အမြန်ဆုံး သက်သာလာနိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ စပါးအသင်းကြေညာချက်မှာ ရေးသားထားပါတယ်။ ခံစစ်မှာ ဒဏ်ရာ ပြဿနာတွေရှိနေတဲ့ စပါးအသင်းအတွက် ဒရာဂူဆင်ဟာ နောက်ဆုံး ၂၃ ပွဲမှာ ၂၁ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ တာဖြစ်ပြီး အခုချိန်မှာ ဒရာဂူဆင်ပါ ဒဏ်ရာထပ်ရသွားခဲ့လို့ နည်းပြအန်ဂျီအတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပါ တယ်။

အသင်းခံစစ်မှာ ဒဏ်ရာရကစားသမားတွေ များပြားနေတာကြောင့် စပါးအသင်းဟာ အခု ဇန်နဝါရီ ဈေးကွက်မှာ အသစ်ခေါ်ယူထားတဲ့ နောက်ခံလူ ဒန်ဆိုကို လာမယ့်ပွဲတွေမှာ ပွဲထွက်အသုံးပြုသွားရဖွယ်ရှိနေ ပါတယ်။ ဒန်ဆိုကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး ရာသီအကုန်မှာ ပေါင် ၂၁ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ကိုလည်း သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။