ပီအက်စ်ဗွီအသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်မှူး စတားလင်းရဲ့ စွမ်းဆောင်မှု နဲ့ပတ်သက်လို ပျော်ရွှင်မိတယ်လို အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။အခုရာသီမစမီ ချဲလ်ဆီးအသင်းဆီကနေ တစ်ရာသီအငှားနဲ့ရောက်လာခဲ့တဲ့ စတားလင်းဟာ အာဆင်နယ်အသင်းမှာ ပုံမှန်နေရာရဖို ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ စတားလင်းရဲ့ ခြေစွမ်းမတည်ငြိမ်မှုကြောင့်လည်း နည်းပြ အာတီတာဟာ အသင်းတိုက်စစ်ကစားသမားတွေဒဏ်ရာရနေချိန်မှာတောင် စတားလင်းကို အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့တာပါ။

ဒါပေမဲ့ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ပီအက်စ်ဗွီအသင်းနဲ့ ပွဲမှာ စတားလင်းကို ပွဲထွက်စာရင်းထုတ်သုံးခဲ့သလို စတားလင်းကလည်း သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပြီး ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါ ရယူပြခဲ့ပါတယ်။ မြင်တွေ့ချင်နေတဲ့ စတားလင်းကို ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပြီး စတားလင်းရဲ့ခြေစွမ်းအတွက် ပျော်ရွှင် ရပါတယ်လို ပွဲအပြီးမှာအာတီတာက ပြောသွားခဲ့ပါတယ်။ အခုလို ခြေစွမ်းပြနိုင်တဲ့အတွက် စတားလင်းအနေနဲ့ အာဆင်နယ်အသင်းမှာ ပွဲကစားချိန်ပိုရလာဖွယ်လည်းရှိနေပါတယ်။