အာဆင်နယ်အသင်းဟာ အခုတစ်ပတ်ထဲမှာပဲ ဂိုးသမား ကီပါကို ချဲလ်ဆီးအသင်းဆီကနေ ခေါ်ယူမှု အပြီးသတ်မှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့တဲ့ အသက် ၃၀ အရွယ် ကီပါရဲ့ စာချုပ်ဖျက်ကြေးက ပေါင် ၅ သန်း ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကတော့ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်ကနေ အငှားခေါ်ယူထားတဲ့ ဂိုးသမား နက်တိုကို အပြီးသတ်ခေါ်ယူ မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဂိုးသမားသစ်တစ်ယောက် လိုအပ်နေတာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းရဲ့ ပွဲထွက်ဂိုးသမား ရာယာကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ ဂိုးသမားကို အလိုရှိနေတာဖြစ်ပြီး ကီပါဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းနဲ့အတူ လက်စွမ်းကောင်းကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကီပါဟာ ၂၀၁၈ က ဘီလ်ဘာအိုအသင်းကနေ ချဲလ်ဆီးကို ပေါင် ၇၂ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ဈေးအကြီးဆုံး ဂိုးသမားအဖြစ် အခုချိန်ထိ ရပ်တည်နေတာပါ။ ကီပါဟာ ချဲလ်ဆီးအသင်းအတွက် ၁၆၃ ပွဲ ကစားပေးထားပြီး ဆုဖလား အောင်မြင် မှု ၄ ခုအထိ ရခဲ့သလို ၂၀၂၃-၂၄ ဘောလုံးရာသီက ရီးရဲလ်အသင်းကို အငှားသွားရောက်ကစားခဲ့ရာမှာလည်း လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။