ဘရန့်ဖို့ဒ်အသင်းဟာ မြောက်အိုင်ယာလန်ဂိုးသမား ကယ်လက်ဟာကို လီဗာပူးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းခွဲနဲ့ ခေါ်ယူလိုက်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းဟာ နယ်သာလန်ဂိုးသမား ဖလက်ကန်ကို လေဗာ ကူဆင်အသင်းဆီ ပေါင် ၈ သန်းဝန်းကျင်နဲ့ ရောင်းချခဲ့ပြီးနောက် ကယ်လက်ဟာကို ပြန်လည်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းနဲ့ ကယ်လက်ဟာတို့ ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်ကိုချုပ်ဆိုခဲ့ပြီး အလိုအလျောက် ၁ နှစ် သက်တမ်းတိုးဖို့ကိုလည်း သဘောတူညီမှု ရရှိခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန် နေရတာကြောင့် ပုံမှန်ကစားခွင့်ရနိုင်မယ့် အခွင့်အရေးတွေအတွက် ဘရန့်ဖို့ဒ်အသင်းကို ပြောင်းလာဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ကယ်လက်ဟာက ပြောသွားခဲ့ပါတယ်။ လီဗာပူးအသင်းကြီးအတွက် လွန်ခဲ့တဲ့ ၅ နှစ် လောက် ကတည်းက ကစားခွင့် ရခဲ့ပေမဲ့ ကယ်လက်ဟာက ပရီးမီးယားလိဂ် ၂၅ ပွဲသာ ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ပွဲထွက်ကစားခွင့် နည်းပါးခဲ့ပေမယ့် ကယ်လက်ဟာ ဟာ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ၂ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားအပါအဝင် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ပုံမှန်ကစားခွင့်နဲ့ အတူ သူ့လက်စွမ်းကို ဘရန့်ဖို့ဒ်အသင်းနဲ့ သက်သေပြနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ကယ်လက်ဟာက ပြောသွားခဲ့ပါတယ်။