နော်တင်ဟမ်အသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အဝိုနီယီဟာ ပြင်းထန်တဲ့ ဝမ်းဗိုက်ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ်အတွင်း သတိလစ်သွားခဲ့ပေမယ့် အခုချိန်မှာတော့ အခြေအနေ ပြန်လည်တည်ငြိမ်နေပြီလို့ သိရ ပါတယ်။ အသက် ၂၇ နှစ်အရွယ် အဝိုနီယီဟာ တနင်္ဂနွေနေ့က လက်စတာအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲရဲ့ ပွဲချိန် ၈၈ မိနစ်မှာ အီလန်ဂါရဲ့ ဖြတ်တင်ဘောကို ဂိုးသွင်းနိုင်ဖို့ ကြိုးစားရင်း ဂိုးတိုင်နဲ့ ဆောင့်မိခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ အဝိုနီယီရဲ့ ဒဏ်ရာကို ဆေးရုံမှာ ခွဲစိတ်ကုသမှုပြု လုပ်ခဲ့တာဖြစ်ပြီး ပထမအဆင့်ခွဲစိတ်နေ တုန်းမှာပဲ အဝိုနီယီ သတိလစ်သွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့က နော်တင်ဟမ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ အဝိုနီယီရဲ့ အခြေအနေက တိုးတက်ကောင်းမွန်လာပြီလို့ ရေးသားထားခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ နောက်ထပ်လိုအပ်တဲ့ ကုသမှုတွေ ထပ်မံလုပ်ဆောင်သွားဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဝိုနီယီဟာ လက်စတာနဲ့ပွဲမှာ ပွဲချိန် ၈၃ မိနစ် မှ အသင်းဖော် ဆန်ဂါရီရဲ့နေရာမှာ ဝင်ရောက်ကစားခွင့်ရခဲ့တာဖြစ်ပြီး ၅ မိနစ်အကြာမှာပဲ ပြင်းထန်တဲ့ ဒဏ်ရာ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပွဲအပြီးမှာလည်း နော်တင်ဟမ်အသင်းပိုင်ရှင်ကိုယ်တိုင် ကွင်းအတွင်း ဆင်းလာ ခဲ့ပြီး နည်းပြ နူနိုဆန်တိုကို အဝိုနီယီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့သလို နော်တင်ဟမ်အသင်း ကလည်း ကစားသမားရဲ့ ကျန်းမာရေးနဲ့ စိတ်ချရမှုက အသင်းရဲ့ ဦးစားပေးဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။