ချဲလ်ဆီးအသင်းက အခုရာသီမှာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်တယ်လို အာဆင်နယ်နည်းပြ အာတီတာက ပြောကြားလိုက်ပါတယ်။အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေညမှာ ပရီးမီးယားလိဂ် ပွဲအဖြစ် အမ်းမရိတ်စ်ကွင်းမှာ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် အဆင့် ၂ နေရာမှာရပ်တည်နေပြီး ချဲလ်ဆီးအသင်းကတော့ အာဆင်နယ်အသင်းနဲ့ ၆ မှတ်အကွာ စတုတ္တနေရာမှာ ရပ်တည်နေပါတယ်။

ချဲလ်ဆီးအသင်းက နည်းပြမာရက်စ်ကာလက်ထက်မှာတိုးတက်လာခဲ့သလို ရာသီအစပိုင်း မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ရုပ်လုံးပေါ်လာခဲ့တယ်လို အာတီတာက သုံးသပ်ခဲ့ပါတယ်။ “ရာသီကြိုပွဲကတည်းက ချဲလ်ဆီးအသင်းကစားပုံကို မြင်ခဲ့ပြီး မာရက်စ်ကာဘယ်လောက်အထိ အလုပ်လုပ်ထားလဲ ဆိုတာ မြင်ခဲ့ရပါတယ်”လို အာတီတာက ပြောသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီး အသင်းတိုဟာ ရာသီကုန်ထိပ်ဆုံးလေးသင်းအတွင်း ရပ်တည်နိုင်ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရဖိုကိုပဲ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။