ဘရိုက်တန်အသင်းကို ရှုံးတဲ့ပွဲမှာ ချဲလ်ဆီးအသင်း ကစားပုံနဲ့ပတ်သက်လို့ နည်းပြ မာရက်စ်ကာ အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ဘရိုက်တန်အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ချဲလ်ဆီးအသင်းဟာ နေရာစုံအားနည်းချက်ရှိခဲ့သလို ဘရိုက်တန်အသင်းရဲ့ ဖိအားပေးမှုအောက် ရုန်းကန်ခဲ့ရပါတယ်။

ဒါ့ကြောင့်လည်း မာရက်စ်ကာက အသင်းကို သူရောက်လာပြီးနောက်ပိုင်း အဆိုးရွားဆုံးကစားပုံ ဖြစ်တယ်လို့ ဝေဖန်သွားခဲ့တာပါ။ ဘရိုက်တန်နဲ့ပွဲမှာ ချဲလ်ဆီးတိုက်စစ်က ဂိုးပေါက်တည့်ခြိမ်းခြောက်မှု တစ်ကြိမ်မှ မလုပ်နိုင် ခဲ့တဲ့ အခြေအနေကိုလည်း အမြန်ဆုံးအဖြေရှာသွားရမယ်လို့ နည်းပြမာရက်စ်ကာကပြောသွားခဲ့ပါတယ်။

အခုပွဲမှာရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ချဲလ်ဆီးအသင်းရဲ့ ထိပ်ဆုံး ၄ သင်းအတွင်းရပ်တည်နိုင်ရေး မျှော်လင့်ချက်ကိုလည်း ထိခိုက်စေခဲ့ပါတယ်။ တိုက်စစ်မှာ အားထားရတဲ့ ဂျက်ဆင်ဟာ ဒဏ်ရာကြောင့်နားနေရတာလည်း ချဲလ်ဆီးတိုက်စစ်ကို အားနည်းသွားစေခဲ့ဝာာ ဖြစ်ပါတယ်။