ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲမှာ နယူးကာဆယ် အိမ်ကွင်းပရိသတ် တွေရဲ့ ဆူညံတဲ့ အားပေးမှုတွေ လိုအပ်တယ်လို့ နယူးကာဆယ်အသင်းခေါင်းဆောင် ဂူမာရေးစ်က တောင်းဆိုသွား ခဲ့ပါတယ်။ အခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးအသင်း ရရှိခဲ့ပြီးဖြစ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲကတော့ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အခုတစ်ပတ် တနင်္ဂနွေမှာတော့ အဆင့် ၄ နေရာက နယူးကာဆယ် အသင်းအိမ်ကွင်းကို အဆင့် ၅ နေရာက ချဲလ်ဆီးအသင်း လာရောက်ကစားရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ ချဲလ်ဆီးအသင်းတို့က ရမှတ်တူအနေအထားမှာ ရပ်တည်နေတာဖြစ်လို့ နယူးကာဆယ်အနေနဲ့ အိမ်ကွင်းမှာ အနိုင်ရထားဖို့ လိုအပ်နေခဲ့တာပါ။ လာမယ့်တနင်္ဂနွေနေ့မှာ ပရိသတ်တွေရဲ့ အားပေးမှုက အဓိက ကျနေသလို အသင်းသားတွေအတွက် ခွန်အာ;တွေ ဖြစ်စေမှာသေချာပါတယ်လို့ ဂူမာရေးစ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ ကြာသပတေးညမှာ ကွန်ဖရင့်စ်လိဂ်ပွဲ ကစားပြီးနောက် တနင်္ဂနွေ အစောပိုင်းမှာ နယူးကာဆယ်နဲ့ပွဲကို ကစားရတဲ့အတွက် ပွဲပန်းမှု ရှိနိုင်တယ်လို့ ပြောကြားထားပါတယ်။