စနေညက ကစားသွားခဲ့တဲ့ အင်္ဂလန် ချန်ပီယံရှစ်ရဲ့ ရာသီပိတ်ပွဲစဉ်အပြီးမှာပဲ လိဒ်ယူနိုက်တက်အသင်းက ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

အခုရာသီ ချန်ပီယံရှစ်ပြိုင်ပွဲက နောက်ဆုံးပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်အထိ ချန်ပီယံဆုအတွက်စိတ်လှုပ်ရှားစရာကောင်းခဲ့တာဖြစ်ပြီး လိဒ်နဲ့ ဘန်လေအသင်းတို ချန်ပီယံမျှော်လင့်ချက်အတွက် ပြိုင်ဘက်တွေကို အနိုင်ရဖို ကြိုးစားခဲ့ကြရပါတယ်။လိဒ်ကတော့ တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ပလိုင်းမောက်အသင်းအိမ်ကွင်းကို သွားကစားခဲ့ရပြီး ၁၈ မိနစ်မှာပဲ ပြိုင်ဘက်ကို ဦးဆောင်ဂ်ုးပေးလိုက်ရလို နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

လိဒ်အသင်းက ပွဲချိန် ၅၃ မိနစ်မှာ ချေပဂိုးပြန်ရခဲ့သလို နာကျင်အချိန်ပိုမှာတော့ ဆိုလိုမွန် က လိဒ်အသင်း ချန်ပီယံဖြစ်စေ မယ့် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်း ဘန်လေအသင်း အနိုင်ရခဲ့လို လိဒ်နဲ့ ဘန်လေ ရမှတ် ၁၀၀ ခြင်းတူခဲ့ပေမယ့် ဂိုးကွာခြားချက်မှာ လိဒ်အသာရခဲ့လို ချန်ပီယံဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ လာမယ့်ရာသီ ပရီးမီးယား လိဂ်ကို လိဒ်နဲ့ ဘန်လေ တို တက်ခွင့်ရထားပြီး လက်ကျန် တစ်နေရာအတွက် ကိုတော့ ရှက်ဖီးယူနိုက်တက်၊ဆန်းဒါးလန်း၊ ကိုဗင်ထရီနဲ့ ဘရစ္စတိုးစီးတီး အသင်းတွေ ပလေးအော့ဖ် ဆက်ကစားပြီး ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။