မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကိုဗာဆစ်ဟာ ဖနောင့်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ ကိုဗာဆစ်ဟာ ဖနောင့်ဒဏ်ရာကြောင့် မေလ အစောပိုင်းက ပဲလေ့စ် အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကို လွဲချော်ခဲ့ရပေမယ့် ဘုန်းမောက် အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ပြန်လည်ပါဝင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုန်းမောက်နဲ့ ပွဲမှာ အနီကတ်ပြအထုတ်ခံခဲ့ရတဲ့ ကိုဗာဆစ်ဟာ ရာသီပိတ်ပွဲဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲကို ထပ်ပြီးလွဲချော်ခဲ့ရပါတယ်။

အသက် ၃၁ နှစ်အရွယ် ကိုဗာဆစ်ရဲ့ ဖနောင့်ဒဏ်ရာခွဲစိတ်ကုသရမှုကို မန်စီးတီးအသင်းဘက်ကလည်း အတည်ပြု ခဲ့ပြီး ပြန်ကစားနိုင်မယ့်ရက်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ ကိုဗာဆစ်အနေနဲ့ နွေရာသီအားလပ်ရက်အတွင်း ဒဏ်ရာကနေပြန်လည်သက်သာလာဖို့ကို ကြိုးစားရမှာဖြစ်ပြီး ရာသီသစ်မစတင်မီမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင် ဖို့ကို မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ဇွန်လ ၁၈ ရက်နေ့မှာ ကလပ်ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲအဖြစ် မော်ရိုကိုချန်ပီယံ ဝိုင်ဒက် အသင်းနဲ့ စတင်ကစားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အယ်အိန်း၊ ဂျူဗင်တပ်အသင်းတွေနဲ့ ကစားရဖို့ရှိနေတာဖြစ်ပါတယ်။