အင်္ဂါညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘိုလီးဗီးယားအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့အတွက် ချီလီပရိသတ်တွေကို တိုက်စစ်မှူး ဆန်းချက်ဇ်က တောင်းပန်သွားခဲ့ပါ တယ်။

ချီလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စုပွဲစဉ် ၁၆ ပွဲကစားပြီးချိန်မှာ ၂ ပွဲသာ အနိုင်ရထားပြီး ၄ ပွဲသရေ ၁၀ ပွဲရှုံးနဲ့ ၁၀ မှတ်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၀ သင်းပတ်လည်ကစားရတဲ့ ခြေစစ်ပွဲ မှာ ချီလီအသင်းက အဆင့် ၁၀ နေရာကို ရောက်နေသလို ခြေစစ်ပွဲဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၇ က အသင်းနဲ့ ၈ မှတ် ကွာဟနေတာပါ။ ခြေစစ်ပွဲကစားဖို့က ၂ ပွဲသာ ကျန်တော့လို့ ချီလီအသင်းရဲ့ ကမ္ဘာ့ဖလားဝင်ခွင့် အိပ်မက်က အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာ ခံစားချက်က တော်တော်လေးကို ဝမ်းနည်းရသလို ဒီရလဒ်အတွက် ခွင့်လွှတ်ပေးဖို့ ပရိသတ်ကို တောင်းပန်ပါတယ်လို့ တိုက်စစ်မှူး ဆန်းချက်ဇ်က ပွဲအပြီးမှာ ပြော သွားခဲ့ပါတယ်။ ဆန်းချက်ဇ်တို့ရဲ့ ရွှေရောင်မျိုးဆက်ဟာ ၂၀၁၅ နဲ့ ၂၀၁၆ ကိုပါအမေရိက ပြိုင်ပွဲတွေမှာ ချန်ပီယံ ဆုတွေ ရယူနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ၂၀၁၈ ကနေ ၂၀၂၆ အထိ ၃ ကြိမ်ဆက် လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ချီလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် လွဲချော်ခဲ့ရပြီးနောက် ချီလီအသင်းနည်းပြ ဂါရီကာဟာလည်း ရာထူးကနေ နှုတ်ထွက်သွားတယ်လို့ သိရပါတယ်။