လေဗာကူဆင်အသင်းရဲ့ ဂျာမနီကွင်းလယ်လူ ဖလိုရီယန်ဝှစ်ဇ်ကို ခေါ်ယူဖို့အတွက် ကြိုးစားမှုကနေ မန်စီးတီး အသင်း ထွက်သွားခဲ့ပြီလို့ သိရပါတယ်။

အစောပိုင်းက မန်စီးတီးအသင်းဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ဒီဘရိုင်းရဲ့နေရာမှာအစားထိုးဖို့အတွက် ဖလိုရီယန်ဝှစ်ဇ်ကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လေဗာကူဆင်အသင်းတာဝန်ရှိသူတွေနဲ့ စကားပြောဆိုပြီးနောက်မှာ မန်စီးတီးအသင်းဟာ တခြား ကစား သမားတွေဘက်ကို အာရုံပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရတော့ ဝှစ်ဇ်အတွက် လေဗာကူဆင် အသင်း တောင်ဆိုတဲ့ပြောင်းရွှေ့ကြေးက မြင့်မားတာကြောင့် မန်စီးတီးအသင်းဘက်က နောက်ဆုတ်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ကွင်းလယ်အတွက် တခြားကစားသမား ပစ်မှတ်အဖြစ် နော်တင်ဟမ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်ကို စိတ်ဝင်စားနေပါတယ်။ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ ဖလိုရီယန်ဝှစ်ဇ်ဟာ လေဗာကူဆင်အသင်းနဲ့အတူ အလားအလာကောင်းတဲ့ လူငယ်ကစားသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး အခုရာသီ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၁၆ ဂိုးသွင်းပြီး ၁၅ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။