ကွင်းအတွင်းစည်းကမ်းပိုင်ဆိုင်ရာနဲ့ ပတ်သက်ပြီးလေ့လာသင်ယူမှုတွေပြလုပ်ဖို့ လူငယ်နောက်ခံလူ လီဝစ်စကယ်လီကို အာဆင်နယ်နည်းပြ အာတီတာက သတိပေးလိုက်ပါတယ်။အသက် ၁၈ နှစ်သာ ရှိသေးတဲ့ စကယ်လီဟာ အာဆင်နယ်အသင်း အားထားရမယ့်ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပေမယ့် ကွင်းအတွင်းစည်းကမ်းပိုင်ဆိုင်ရာအားနည်းမှုတွေရှိနေတာဖြစ်ပါတယ်။ အခုရာသီမှာ အနီကတ် ၂ ကြိမ်ပြသခံထားရသလို အဝါကတ်လည်း ၄ ကြိမ်အထိပြသခံထားရတာပါ။

ကြားရက်မှာကစားခဲ့တဲ့ PSV အသင်းနဲ့ ပွဲမှာလည်း စကယ်လီက အဝါကတ်ပြသခံထားရပြီးနောက် ပြိုင်ဘက်ကစားသမား အပေါ် ပြင်းထန်တဲ့ဖျက်ထုတ်မှုလုပ်ခဲ့ပေမဲ့ ဒိုင်လူကြီးက အဝါကတ်ထပ်မပြလို့သာ အထုတ်မခံခဲ့ရတာပါ။ ဒါ့ကြောင့်နည်းပြအာတီတာဟာ ပွဲချိန် ၃၅ မိနစ်မှာပဲ စကယ်လီကို လူစားလဲခဲ့ရပါတယ်။ စကယ်လီက အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပေမယ့် တစ်ချို့သောအချက်တွေမှာတော့ လေ့လာသင်ယူစရာတွေ လိုအပ်နေပါတယ်လို့ အာတီတာက ပြောသွားခဲ့တာဖြစ်ပါတယ်။