ရီးရဲလ်အသင်းဟာ နည်းပြအန်ဆလော့တီရဲ့နေရာကို အစားထိုးဖို့အတွက် နည်းပြလောင်းစာရင်းမှာ ဘုန်းမောက် အသင်းနည်းပြ အိုင်ရာအိုလာလည်း ပါဝင်လာခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ် အီတလီဝါရင့် နည်းပြ အန်ဆလော့တီဟာ အခုရာသီအကုန်မှာ ရီးရဲလ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်လာ ခဲ့ပြီးနောက် ရီးရဲလ်အသင်းဟာ အန်ဆလော့တီနေရာအတွက် နည်းပြလောင်းတွေကို ပစ်မှတ်ထား ရှာဖွေနေခဲ့ တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းရဲ့ စာရင်းမှာ လေဗာကူဆင်နည်းပြ အလွန်ဆိုက ထိပ်ဆုံးပစ်မှတ် ဖြစ်ပေမယ့် အလွန်ဆိုကို ခေါ်ယူနိုင်ဖို့က ခက်ခဲနိုင်တဲ့အတွက် နောက်ထပ်နည်းပြတွေကိုလည်း ပစ်မှတ်ထားနေခဲ့တာပါ။

အိုင်ရာအိုလာကတော့ အခုရာသီ ဘုန်းမောက်အသင်းကို ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်နိုင်အောင် ဦးဆောင်ပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။နည်းပြ အိုင်ရာအိုလာရဲ့ ဘုန်းမောက်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ မန်စီးတီး၊ မန်ယူ၊ စပါးနဲ့ နယူးကာဆယ် စတဲ့အသင်းတွေကို အနိုင်ယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှိနေတာ ဖြစ်ပါတယ်။