ဂျာမနီကွင်းလယ်လူ ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၄ နှစ်စာချုပ်သစ်ကိုချုပ်ဆိုလိုက်တဲ့အတွက် ၂၀၂၉ ခုနှစ်အထိ မြူးနစ်အခြေစိုက်အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ကင်မစ်ချ်ရဲ့စာချုပ်က အခုရာသီအကုန် မှာ ကုန်ဆုံးမှာဖြစ်သလို အာဆင်နယ်အသင်းကလည်း ခေါ်ယူဖိုစိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေထွက်နေ ပါတယ်။ ဒါ့ကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းက စာချုပ်သစ်ချုပ်ဖိုကို ဆွေးနွေးခဲ့ရာမှာ အချိန်တို အတွင်းမှာပဲ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကင်မစ်ချ်ဟာ ၂၀၁၅ မှာ လိုက်ပ်ဇစ် အသင်းကနေ ဘိုင်ယန်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ ၄၂၉ ပွဲမှာ ၄၃ ဂိုးသွင်း ၁၁၅ ဂိုးဖန်တီးပေးထားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်အသင်းမှာ အားကစားဆိုင်ရာရည်မှန်းချက်တွေပြည့်စုံခဲ့သလို အသင်းပတ်ဝန်းကျင်ကလည်း သူ့အတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်လို စာချုပ်သစ်ချုပ်ဖိုကို ဆုံးဖြတ်ခဲ့တာလို ကင်မစ်ချ်က ပြောပါတယ်။ ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ၈ ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလား ၁ ကြိမ်ရရှိထားပါတယ်။