ကြွက်သားဒဏ်ရာရခဲ့တဲ့ အင်တာမီလန်နောက်ခံလူ ဒီမာကိုဟာ ရက်သတ္တပတ် ၃ ပတ်လောက် အနားယူရမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

နာပိုလီအသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ဘယ်အစွန် နောက်ခံ လူ ဒီမာကိုဟာ အဲဒီဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ပွဲအပြီး ဆေးစစ်ချက်တွေအရ ကြွက်သားဒဏ်ရာက သိပ်မပြင်း ထန်ဘူးလို့ အင်တာမီလန်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ပေမဲ့ အသက် ၂၇ နှစ်အရွယ် ဒီမာကိုဟာ ဖီယင်နု အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ၂ ကျော့စလုံးကို လွဲချော်ရမှာဖြစ်သလို မတ်လ ၁၆ ရက်နေ့မှာ ကစားရမယ့် အတ္တလန္တာအသင်းနဲ့ စီးရီးအေချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲကိုလည်း လွဲချော်ရတော့ မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမာကိုအနေနဲ့ မတ်လ ၂၁ ရက်နေ့မှာ ဂျာမနီအသင်းနဲ့ ကစားရမယ့် နေးရှင်းလိဂ် ကွာတားဖိုင်နယ်ပွဲအမီ ပြန်ပါနိုင်ဖို့ကိုလည်း စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမာကိုဟာ နည်းပြ စပယ်လက်တီရဲ့ အီတလီလက်ရွေးစင်အသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးထားတဲ့ နေးရှင်းလိဂ် ၆ ပွဲမှာ ၁ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးပေးထားတာဖြစ်လို့ ဒီမာကိုသာ မပါဝင်နိုင်ဘူးဆိုရင် အီတလီအသင်း အားနည်းဖွယ် ရှိနေပါတယ်။