စီးရီအေကလပ် မွန်ဇာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဘော့ချက်တီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး နည်းပြဟောင်း နက်စတာကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်လိုက်ပါတယ်။

မွန်ဇာအသင်းဟာ နည်းပြ နက်စတာ ကို ထုတ်ပယ်ခဲ့ပြီး ၇ ပတ်အကြာမှာ အခုလိုမျိုး ပြန်လည်ခန့်အပ်လိုက်တာပါ။ အသက် ၃၈ နှစ်အရွယ် နောက်ခံ လူဟောင်း ဘော့ချက်တီဟာ လွန်ခဲ့တဲ့ ၇ ပတ်က နည်းပြနက်စတာရဲ့ ရာထူးကို လွဲပြောင်းရယူခဲ့ပြီး သူ့လက်ထက် စီးရီးအေ ၇ ပွဲမှာ ၆ ပွဲအထိရှုံးကာ ၁ ပွဲသာ အနိုင်ရခဲ့တာပါ။ ဒါ့ကြောင့်လည်း မွန်ဇာအသင်းဟာ ဘော့ချက်တီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီး နက်စတာကို နည်းပြအဖြစ် ပြန်ခန့်ခဲ့တာ ဖြစ်ပါတယ်။

အီတလီနောက်ခံလူဟောင်း နက်စတာဟာ မွန်ဇာအသင်းနဲ့ ပရော်ဖက်ရှင်နယ်နည်းပြဘဝကို စတင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကစားမယ့် လက်ချီအသင်းနဲ့ပွဲမှာ အသင်းကို ပြန်လည်တာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။မွန်ဇာအသင်း ဟာ အခုရာသီ စီးရီးအေ ၂၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာရပ်တည်နေပြီး အဆင့်-၁၇ က အမ်ပိုလီအသင်းနဲ့ ၈ မှတ်အထိ ကွာဟနေတာဖြစ်လို့ နည်းပြ နက်စတာအနေနဲ့ အသင်းကို တန်းဆင်းဇုန်က လွတ်မြောက်အောင် ကြိုးစားပေးရတော့မှာလည်း ဖြစ်ပါတယ်။