အေစီမီလန်နည်းပြ ကွန်ဆီကာအိုနဲ့ စကားများခဲ့တယ်ဆိုတဲ့ သတင်းတွေကို တောင်ပံတိုက်စစ်မှူး ပူလီဆစ်က ငြင်းဆိုသွားခဲ့ပါတယ်။ ဖီယင်နုအသင်းကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် အေစီမီလန် အသင်းတွင်းမှာ ပြဿနာဖြစ်ပွားမှုတွေရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဖီယင်နုနဲ့ပွဲမှာ ပူလီဆစ်က ပွဲထွက်စာရင်း ပါဝင်ခဲ့ပေမယ့် အသင်းဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ် အထုတ်ခံရပြီးနောက် ဒုတိယပိုင်းအစမှာပဲ ဘယ်နောက်ခံလူ ဘာတီဆာဂီနဲ့ လူစားလဲ ခံလိုက်ရတာဖြစ်ပါတယ်။ နည်းပြ ကွန်ဆီကာအိုရဲ့ နည်းစနစ်တွေကို အယုံအကြည် မရှိတဲ့အတွက် ပူလီဆစ်ဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ဖို့ စဉ်းစားနေ တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

ပူလီဆစ်ကတော့ မီလန်က အသင်းကြီးတစ်သင်းဖြစ်သလို မီလန် အသင်းအင်္ကျီကို ဝတ်ဆင်ခွင့်ရတာက ဂုဏ်ယူစရာဖြစ်ပြီး အပြင်မှာကြားနေရတဲ့ သတင်းတွေက အလိမ် အညာတွေဖြစ်ပါတယ်လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ပူလီဆစ်ဟာ ၂၀၂၃ မှာ အေစီမီလန်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းရဲ့တောင်ပံတိုက်စစ်မှာ အားကိုးရ တဲ့ ကစားသမားဖြစ်ခဲ့သလို အခုရာသီ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲမှာ ၁၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။