အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ အသင်းအပေါ် ပေးဆပ်လိုစိတ်နည်းပါးမှုအပေါ် မန်ယူနည်းပြ အမ်မိုရင်က ထပ်မံဝေဖန်သွားခဲ့ပါတယ်။ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ နည်းပြအမ်မိုရင်လက်ထက်မှာ ပုံမှန်နေရာပျောက်ဆုံး ခဲ့သလို အသင်းလူစာရင်းကနေပါ ချန်လှပ်ခံထားရတာ ဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ အမ်မိုရင်က အသင်းရဲ့ အရန်ခုံတန်းမှာ ရက်ရှ်ဖို့ဒ်ကို နေရာ ပေးမယ့်အစား အသင်းအတွက် ပိုပြီးတော့ ပေးဆပ်လိုစိတ်ရှိတဲ့ အသက် ၆၃ နှစ်အရွယ် ဂိုးနည်းပြ ဗီတယ်ကိုပဲ နေရာပေးသွားမှာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

အသင်းလေ့ကျင့်ရေးမှာ ကစားသမား တွေရဲ့ ကြိုးစားအားထုတ်မှုကို အမြဲစောင့်ကြည့်ခဲ့ပြီး အသင်းအတွက် အမြင့်ဆုံးကစားပေးနိုင်တဲ့ ကစားသမား တွေကိုပဲ ပွဲကစားဖို့ ရွေးချယ်သွားမှာဖြစ်ပြီး ကစားသမားဘက်က မပြောင်းလဲသမျှ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပြောင်းလဲမှာမဟုတ်ဘူးလို့ နည်းပြ အမ်မိုရင်က သတိပေးသွားခဲ့ ပါသေးတယ်။မန်ယူအသင်းရဲ့ဘဏ္ဍာရေးအခြေအနေအရ အခုဇန်နဝါရီဈေးကွက်မှာ လူသစ် ထပ်ခေါ်ဖို့ မလွယ်ဘူးလို့လည်း နည်းပြအမ်မိုရင်က ပြောသွားခဲ့ပါတယ်။