လက်ချီအသင်းကို အနိုင်ရပြီးနောက် နည်းပြ ဆီမိုနီ အင်ဇာဂီဟာ စီးရီးအေနိုင်ပွဲ ၂၀၀ အမြန်ဆုံးပြည့်တဲ့ နည်းပြ အဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြအင်ဇာဂီဟာ လာဇီယို၊ အင်တာမီလန် အသင်းတွေနဲ့အတူ စီးရီးအေ ပွဲစဉ်ပေါင်း ၃၃၂ ပွဲမှာ နိုင်ပွဲ ၂၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

အရင်စံချိန်ဟောင်းကို တော့ ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီက စီးရီးအေပွဲစဉ် ၃၃၈ ပွဲကိုင်တွယ်အပြီးမှာ စီးရီးအေနိုင်ပွဲ ၂၀၀ ပြည့်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အယ်လီဂရီရဲ့ စံချိန်ကို အင်ဇာဂီက ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ အင်ဇာဂီဟာ စီးရီးအေပွဲစဉ် ၃၃၂ ပွဲမှာ ပွဲ ၂၀၀ နိုင်၊ ၅၉ ပွဲသရေနဲ့ ၇၃ ပွဲရှုံးမှတ်တမ်းရရှိထားခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ဧပြီလ ၁၀ ရက်နေ့မှာ လာဇီယိုအသင်းနဲ့ စီးရီးအေနည်းပြဘဝကို စတင်ခဲ့တဲ့ အင်ဇာဂီဟာ လာဇီယိုအသင်းကို ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်အောင်တည်ဆောက်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့ တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက အင်ဇာဂီလက်ထက် စီးရီးအေချန်ပီယံဆုရခဲ့တဲ့ အင်တာမီလန်အသင်းဟာ အခုရာသီမှာလည်း အမှတ်ပေးဇယားထိပ်က နာပိုလီအသင်းနဲ့ ၃ မှတ်အကွာ ဒုတိယနေရာမှာရပ်တည်နေပါတယ်။