အခုရာသီမှာ အမှားအယွင်းတွေများနေတဲ့ စပိန်ဂိုးသမား ဆန်းချက်ဇ်ကို လက်ရှိမှာ အနားပေးထားမှာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ဒိန်းမတ်ဂိုးသမား ဂျော်ဂျင်ဆင်ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စကာက အတည်ပြုသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ အခုရာသီမှာ ဆန်းချက်ဇ်ရဲ့အမှား ကနေ ပေးဂိုး ၅ ဂိုးပေးထားရပြီး ဆန်းချက်ဇ်ရဲ့ အရည်အသွေးကို ဝေဖန်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း ချဲလ်ဆီးနည်းပြ မာရက်စကာဟာ နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ် ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂျော်ဂျင်ဆင်ကို ပွဲထွက်သုံးခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာတော့ ဆန်းချက်ဇ်ကို ပြန်လည်အသုံးပြုခဲ့တဲ့အတွက် နည်းပြမာရက်စကာအနေနဲ့ ဂိုးသမားနေရာအတွက် ဆုံးဖြတ်ရခက်နေပြီလား ဆိုတဲ့ မေးခွန်းတွေ ထွက်လာခဲ့တာပါ။

ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ မာရက်စကာက ချဲလ်ဆီးရဲ့ ပွဲထွက်ဂိုးသမားနေရာက အခုချိန်မှာ ဂျော်ဂျင်ဆင်အတွက်ပါပဲလို့ အတည်ပြုသွားခဲ့ပြီး ဆန်းချက်ဇ်ကိုတော့ စိတ်ပိုင်းရော ရုပ်ပိုင်းပါ အကောင်းဆုံးပြန်ဖြစ်လာအောင် အချိန်ပေး သွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ဆက်လက်ပြီး အသင်းတိုက်စစ်မှူး ဂျက်ဆန်လည်း တံကောက်ကြော ဒဏ်ရာ ကြောင့် ၆ ပတ်ကနေ ၈ ပတ်ခန့်အထိ အနားယူရမှာဖြစ်တယ်လို့ မာရက်စကာက ပြောသွားခဲ့ပါတယ်။