မန်ယူအသင်းအနေနဲ့ ချန်ပီယံဆုတွေကို မျှော်လင့်နိုင်ဖိုအတွက် ဖာနန်ဒက်စ်ရဲ့ အကူအညီ လိုအပ်တယ်လို နည်းပြ အမ်မိုရင်က ဆိုစီဒက်အသင်းနဲ့ပွဲအပြီးမှာ ပြောပါတယ်။ ဆိုစီဒက်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ မန်ယူအသင်း ၄ ဂိုး-၁ဂိုးနဲ့ အနိုင်ရခဲ့ရာမှာ ဖာနန်ဒက်စ်က ဟက်ထရစ် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ယူအသင်းနောက်ဆုံးရခဲ့တဲ့ သွင်းဂိုး ၁၃ ဂိုးမှာ ၁၁ ဂိုးအထိ ပါဝင်ပတ်သက် ထားသလို မန်ယူအသင်းနဲ့အတူနောက်ဆုံး ၆ ပွဲမှာ ၆ ဂိုးသွင်းယူပေးထားခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်က အသင်းအတွက် ပြီးပြည့်စုံတဲ့ အသင်းခေါင်းဆောင်ဖြစ်သလို ချန်ပီယံဆုတွေရယူချင်တယ်ဆိုရင် သူ့အကူအညီကို လိုအပ်ပါတယ် လို နည်းပြအမ်မိုရင်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း မန်ယူအသင်း ရှယ်ယာရှင် ရက်ကလစ်ဖ်က အသင်းခေါင်းဆာင်ဘရူနိုဖာနန်ဒက်စ်က ပရိုစိတ်ဓာတ်ပြည့်ဝသလို အသင်းအတွက်လည်း ပွဲတိုင်း ကြိုးစားကစားပေးနေတာဖြစ်လို အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပိုင်ဆိုင်ခွင့်ရထားတာဟာ ကံကောင်းပါတယ်လို ချီးကျူးထားပါသေးတယ်။မန်ယူအသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ လိုင်ယွန်အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။