ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် (၃၃)ကြိမ်မြောက် ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် နိုင်ငံ့ လက်ရွေးစင်ရွေးချယ်ပွဲကြီး (National Esports Championship Road to SEA Game 2025)ကို မေလ တတိယ ပတ်က စတင်ကာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊

ပြိုင်ပွဲကာလမှာ မေလ တတိယပတ်ကနေ ဇူလိုင်လ တတိယပတ်အထိ နှစ်လခန့် ကြာမြင့်မှာဖြစ်ပြီး ပြိုင်ပွဲဝင် အားကစားသမားတွေအနေနဲ့ လက်ရည်စစ်ပွဲအတွက် မေလ တတိယအပတ်မှာ စတင်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်၊၊National Esports Championship ပြိုင်ပွဲဟာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး Esports အားကစားပြိုင်ပွဲဖြစ်ပြီး လက်ရည်စစ်ပွဲအဆင့်၊ အုပ်စုပြိုင်ပွဲအဆင့်နဲ့ နောက်ဆုံးအဆင့်ဖိုင်နယ်ပြိုင်ပွဲကြီး စတဲ့ အဆင့် ၃ ဆင့်ခွဲပြီး ယှဉ်ပြိုင်သွားရမှာပါ၊၊ပြိုင်ပွဲဝင်အသင်းတွေကတော့ အရင်ကျင်းပခဲ့တဲ့ MESL Pro series Season 2 က ၄ သင်း၊ လူငယ်လက်သစ်တွေ အတွက်ရည်ရွယ်တဲ့ Foundation Qualifier ပြိုင်ပွဲက ၂ သင်းနဲ့ လာမယ့် NEC Open Qualifier က ၄ သင်း စုစုပေါင်း အသင်း ၁၀ သင်းက ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်၊၊

မြန်မာ့လက်ရွေးစင် Esports အားကစားအသင်းတွေဟာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ဦးဆောင်မှုနဲ့ ၂၀၂၃ ခုနှစ်တုန်းက နိုင်ငံတကာ Esports အားကစားအဖွဲ့ချုပ်(IESF)က ကျင်းပတဲ့ World Esports Championship မှာ Dota 2 ပြိုင်ပွဲကနေ ကမ္ဘာ့အဆင့် ငွေတံဆပ်ဆု၊ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းမှာ MLBB ပြိုင်ပွဲကနေ ကြေးတံဆိပ်ဆုနဲ့ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ Honor of Kings ပြိုင်ပွဲမှာ အဆင့်(၅) စတဲ့ အောင်မြင်မှု အသီးသီး ရယူထားပြီးဖြစ်တယ်လို့ သိရပါတယ်၊၊