ဇွန်လ ၂၂ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အီတလီမိုတိုဂျီပီပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ဒူကာတီအသင်းရဲ့ စပိန်နိုင်ငံ သား မာ့စ်မားကွက်ဇ်ဟာ ချန်ပီယံဆုအတွက် အမှတ်ပေးဇယားရပ်တည်မှုမှာ ဆက်လက် ဦးဆောင်ခဲ့ပါတယ်။

အခုပွဲမှာ အနိုင်ရဖို့အတွက် မာ့စ်မားကွက်ဇ်၊ ညီဖြစ်သူအဲလက်စ်မားကွက်ဇ်နဲ့ အီတလီနိုင်ငံသား ဘက်နာရာတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး သူတို့ ၃ ဦးရဲ့ ယှဉ်ပြိုင်မှုတွေနဲ့ အပြိုင်အဆိုင် ကျော်တက်မှုတွေက ပွဲလာကြည့်တဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်ခဲ့တာပါ။ ပြိုင်ပွဲပြီးဆုံးဖို့ ကွင်း ၅ ပတ်သာ ကျန်တော့ ချိန်မှာတော့ မာ့စ်မားကွက်ဇ်က ဦးဆောင်သူနေရာကို ရောက်လာခဲ့ပြီး ပွဲပြီးတဲ့အထိ ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် မာ့စ်မားကွက်ဇ်အတွက် ၂၀၁၄ နောက်ပိုင်း အီတလီမိုတိုဂျီပီ ပြိုင်ပွဲမှာ ပထမဆုံး အနိုင်ရခဲ့ တာဖြစ်သလို အခုရာသီ မိုတိုဂျီပီပွဲစဉ် ၅ ခုမြောက်ကို အနိုင်ရတာလည်း ဖြစ်ပါတယ်။ အခုနှစ် မိုတိုဂျီပီရာသီရဲ့ ပွဲစဉ် ၉ ပွဲ ယှဉ်ပြိုင်အပြီးမှာ မာ့စ်မားကွက်ဇ်က ရမှတ်ပေါင်း ၂၇၀ နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ညီဖြစ်သူ အဲလက်စ်မားကွက်ဇ်က အမှတ်၂၃၀ နဲ့ ဒုတိယ၊ အီတလီနိုင်ငံသား ဘက်နာရာက အမှတ် ၁၆၀ နဲ့ တတိယနေရာ တွေမှာ အသီးသီး ရပ်တည်နေကြပါတယ်။