ဖာရာရီအသင်း အင်ဂျင်နီယာ အဒါမီနဲ့ဆက်ဆံရေးကောင်းမွန်သလို ထွက်ပေါ်လာတဲ့သတင်းတွေက အမှားတွေ သာ ဖြစ်တယ်လို့ ဖာရာရီအသင်းဒရိုင်ဗာ ဟာမီလ်တန်က ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မိုနာကိုဂရင်းပရီပွဲစဉ် အတွင်းမှာ ဟာမီလ်တန်နဲ့ အသင်းအင်ဂျင်နီယာ အဒါမီတို့ အသင်းရေဒီယိုချိတ်ဆက်မှုကတစ်ဆင့် ပြောဆိုမှုတွေ ပေါက်ကြားခဲ့ပြီးနောက် သူတို့နှစ်ယောက်အကြား ပြဿနာရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါ တယ်။

ဖော်မြူလာဝမ်းချန်ပီယံဆုကို ၇ ကြိမ်ရထားတဲ့ ဟာမီလ်တန်ကတော့ မိုနာကို ဂရင်းပရီ ပြိုင်ပွဲတစ်လျှောက် ရေဒီယိုချိတ်ဆက်မှုက ပြဿနာတွေရှိခဲ့ပြီး လိုချင်တဲ့ အချက်အလက်တွေ မသိရတဲ့အတွက် အခုလိုမျိုး ပြောဆိုမှု တွေ ရှိခဲ့တာဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းအင်ဂျင်နီယာ အဒါမီကလည်း အလုပ်ကြိုးစား သူဖြစ်သလို အသင်းမှာရှိတဲ့သူတိုင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားသူဖြစ်တယ်လို့ အခုနှစ်မှာ မာစီးဒီးစ်အသင်း ကနေ ဖာရာရီအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဟာမီလ်တန်က ပြောသွားခဲ့ပါတယ်။ ဟာမီလ်တန် ဟာ နောက်ဆုံးယှဉ်ပြိုင်ထားခဲ့တဲ့ မိုနာကိုဂရင်းပရီမှာ အဆင့် ၅ နေရာရခဲ့ပြီး ဖာရာရီ အသင်းဖော် လက်စ်လား ကတော့ ဒုတိယနေရာ ရယူနိုင်ခဲ့ပါတယ်။