အခုတစ်ပတ်ယှဉ်ပြိုင်ခဲ့တဲ့ စပိန်ဂရင်းပရီမှာ အနိုင်ရခဲ့ပြီးနောက် လိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ မက္ကလာရင်အသင်းဒရိုင်ဗာ ပီယက်စ်ထရီက ပြောသွားခဲ့ပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဂရင်းပရီ ၂ ပွဲဆက်တိုက် နိုင်ပွဲနဲ့ဝေးခဲ့ပြီးနောက် ပီယက်စ်ထရီဟာ စပိန်ပရင်းပရီမှာ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန် ဂရင်းပရီမှာ အနိုင်ရခဲ့တာက အမှတ်ပေးဇယား ဦးဆောင်နိုင်မှုအတွက် ဖိအားအနည်းငယ်လျော့သွားခဲ့သလို ချန်ပီယံဆုအတွက် အရေးပါတဲ့ နိုင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်လို့ ဩစတြေးလျဒရိုင်ဗာ ပီယက်စ်ထရီက ပြောသွားခဲ့ ပါတယ်။ အခုနိုင်ပွဲက အသက် ၂၄ နှစ်အရွယ် ပီယက်စ်ထရီအတွက် အခုနှစ် ဂရင်းပရီပွဲစဉ် ၉ ပွဲအပြီးမှာ ၅ ခု မြောက် နိုင်ပွဲဖြစ်ခဲ့သလို ဖော်မြူလာဝမ်းဒရိုင်ဗာဘဝ ၇ ခုမြောက် ဂရင်းပရီနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေ နေ့က ကျင်းပခဲ့တဲ့ စပိန်ဂရင်းပရီပွဲစဉ်မှာ မက္ကလာရင်အသင်းဒရိုင်ဗာတွေဖြစ်ကြတဲ့ ပီယက်စ်ထရီက ပထမနဲ့ နော်ရစ်က ဒုတိယရခဲ့ပြီး ရက်ဘူးလ်အသင်းဒရိုင်ဗာ ဗာစတက်ပန်က တတိယ အသီးသီးရခဲ့ကြပါတယ်။ အခုနှစ် ဖော်ြမူလာဝမ်း ဂရင်းပရီပွဲစဉ် ၉ ခုအပြီး ချန်ပီယံဆု ရပ်တည်မှုမှာလည်း ပီယက်စ်ထရီက ၁၈၆ မှတ်နဲ့ ဆက်လက် ဦးဆောင်နေပြီး နော်ရစ်က ၁၇၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေသလို ဗာစတက်ပန်ကတော့ ၁၃၇ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။