ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၄ နှစ်ဆက်ရရှိထားတဲ့ ရက်ဘူးလ်ဒရိုင်ဗာ မက်စ် ဗာစတက်ပန်က ၅ ကြိမ် ဆက်ချန်ပီယံဆုရယူဖိုကို အများကြီးမမျှော်လင့်ထားဘူးလို ပြောသွားလိုက်ပါတယ်။ ဗာစတက်ပန်ဟာ အခုရာသီ ဖော်မြူလာဝမ်း ဂရင်းပရီ ပွဲစဉ် ၇ ခုယှဉ်ပြိုင်အပြီးမှာ နိုင်ပွဲ ၂ ပွဲသာရထားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုရပ်တည်မှုမှာ ဗာစတက်ပန်ဟာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ မက္ကလာရင်အသင်း ဒရိုင်ဗာ ပီယက်စ်ထရီနောက် ၂၅ မှတ်အကွာမှာရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ပြိုင်ကွင်းအတွင်း အကောင်းဆုံး ကြိုးစားမှာဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ဖိုအထိတော့ အများကြီးမမျှော်လင့်ထားပါဘူးလို ဗာစတက်ပန်က ပြောသွားခဲ့တာဖြစ်ပါတယ်။ အနိုင်ရဖိုအတွက် ဖိအားတွေရှိနေမယ်ဆိုရင် အမှားတွေပိုလုပ်မိတတ်လို ဖိအားကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ပြိုင်ပွဲဝင်နိုင်ဖိုကိုပဲ အာရုံစိုက်ထားပါတယ်လို ဗာစတက်ပန်က အခုတစ်ပတ် ယှဉ်ပြိုင်မယ့် စပိန်ဂရင်းပရီ ပွဲကြိုအင်တာဗျူးမှာဖြေသွားခဲ့ပါတယ်။

မက္ကလာရင်အသင်း ဒရိုင်ဗာတွေဖြစ်ကြတဲ့ ပီယက်စ်ထရီနဲ့ နော်ရစ်တိုဟာ အခုရာသီမှာ အကောင်းဆုံးပုံစံနဲ့အတူ ဂရင်းပရီပွဲစဉ်တွေမှာ ဗာစတက်ပန်ကို ဖိအားတွေပေးနိုင်ခဲ့ကြတာဖြစ်ပြီး အခုလို ယှဉ်ပြိုင်နေရတာက စိတ်လှုပ်ရှားစရာကောင်းပါတယ်လို ဗာစတက်ပန် က ပြောသွားခဲ့ပါတယ်။